Please send us your voice

အမည် (သို့မဟုတ် မဖော်ပြလိုပါ)
ဖုန်းနံပါတ် (သို့မဟုတ် မဖော်ပြလိုပါ)
အီးမေးလ်လိပ်စာ *
နေထိုင်သည့်နိုင်ငံ
တိုင်ကြားလိုသည့်အချက်များအားဖော်ပြပါ *
(ဘယ်အချိန်/ဘယ်နေရာ/ဘယ်သူ/ ဘာအကြောင်းအရာ)
စစ်တမ်း၏တိုးတက်မှု/ရလဒ်အားပြန်လည် အကြောင်းကြားရန်လိုအပ်ပါသလား
AWV ဝဘ်ဆိုဒ်တွင် သင်၏ ဆွေးနွေးတိုင်ပင်မှုနှင့် တိုးတက်မှုကို အမည်ဝှက်ဖော်ပြရန် သဘောတူပါသလား။

ASSCWorkers Voice (AWV)
Privacy Policy

လူမှုရေးအဖွဲ့အစည်းဖြစ်သည့်The Global Alliance for Sustainable Supply Chain (နောင်တွင် ASSC ဟုခေါ်မည်)သည် ASSC ကပေးအပ်မည့်application software ဖြစ်သည့် ASSC Workers Voice (နောင်တွင် AWV ဟုခေါ်မည်)နှင့်ဆိုင်သည့်လူတဦးချင်း၏ သတင်း အချက်အလက်များကိုကိုင်တွယ်ခြင်းနှင့်ပတ်သက်သည်ပေါ်လစီကိုအောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။ ထို့အပြင် ဤစာတမ်းတွင်အသုံးပြုထားသည့်ဝေါဟာရများသည် လူတဦးချင်း၏သတင်း အချက်အလက်များကိုထိန်းသိမ်းခြင်းနှင့်သက်ဆိုင်သည့်ဥပဒေ(နောင်တွင် လူတဦးချင်း၏ သတင်းအချက်အလက်များကိုထိန်းသိမ်းသည့်ဥပဒေဟုခေါ်မည်)နှင့်သက်ဆိုင်ရာဥပဒေ အမိန့်များနှင့်သက်ဆိုင်သည်။
  • ၁။ သက်ဆိုင်သည့်ဥပဒေအမိန့်၊လမ်းညွန်ချက်စသည်တို့ကိုလေးစားလိုက်နာခြင်း

    ASSC တွင် လူတဦးချင်း၏ ကိုယ်ရေးသတင်းအချက်အလက်များကို ထိန်းသိမ်းသည့်ဥပဒေ နှင့်သက်ဆိုင်ရာဥပဒေအမိန့်များ၊ လူတဦးချင်း၏ ကိုယ်ရေးသတင်းအချက်အလက်များကို ထိန်းသိမ်း သည့်ကော်မတီကသတ်မှတ်သည့်လမ်းညွှန်ချက်များ၊ EU ယေဘူယျကျသည့်ဒေတာများကိုထိန်းသိမ်း သည့်လုပ်ထုံးလုပ်နည်း(GDPR)အခြားအသုံးပြုလျက်ရှိသည့်သက်ဆိုင်ရာဥပဒေအမိန့်များ နှင့်ဤ privacy policy (နောင်တွင် ဤပေါ်လစီဟုခေါ်မည်)တို့ကို လေးစားလိုက်နာပြီး လူတဦးချင်း ၏သတင်းအချက်အလက်များကိုသက်ဆိုင်ရာဥပဒေနှင့်အညီသင့်လျော်စွာကိုင်တွယ်ရမည်။ ဤပေါ်လစီမှာ အသုံးပြုလျက်ရှိသောဥပဒေအမိန့်များကိုအခြေခံပြီး ပြောင်းလဲရမည့်အခါမျိုးရှိပါ သည်။
  • ၂။ လူတဦးချင်း၏သတင်းအချက်အလက်များကိုရယူခြင်း

    ASSC သည် မိမိကိုအသုံးပြုသူနေသူက ASSC ကိုတင်ပြလာသည့် လူတဦးချင်း၏သတင်း အချက် အလက်များကို ASSC ကဆောင်ရွက်မည့်လုပ်ငန်းအတိုင်းအတာအတွင်းတွင်သာ ဥပဒေနှင့်အညီ သင့်တော်မှန်ကန်သောနည်းလမ်းများဖြင့် ရယူရမည်။ ASSC သည်မိမိကိုအသုံးပြုနေသူများက AWV ကိုအသုံးပြုကြသည့်အခါ အောက်ပါအတိုင်းသတင်း အချက်အလက်များကိုတင်ပြစေသောအခါမျိုးရှိသည်။
    • (၁)အသုံးပြုသူများထံမှတိုက်ရိုက်ရယူသည့်သတင်းအချက်အလက်
      • အသက်နှင့်မွေးသက္ကရာဇ်
      • အမည်
      • အီးမေးလိပ်စာ
      • account ကိုဝင်မည့်သူသည်ကာယကံရှင်ဟုတ်မဟုတ်အတည်ပြုနိုင်ရန်အတွက်လိုအပ် သည့် passwordစသည့် အခြားသောသတင်းအချက်အလက်များ
      • ASSCက အပလီကေးရှင်း (သို့မဟုတ်) ဝက်ဆိုက်တွင်ရယူရန်သတ်မှတ်ထားသည့်သတင်းအချက် အလက်များ
      • ထို့အပြင် ASSCက သတ်မှတ်ထားသည့် အသုံးပြုသူနှင့်ပတ်သက်သည့်သတင်းအချက် အလက်များ
    • (၂) ကွန်ပျူတာ တာမီနယ်သတင်းအချက်အလက်
      အသုံးပြုသူသည် ကွန်ပျူတာ တာမီနယ်(သို့မဟုတ်) လက်ကိုင်ဖုန်းတာမီနယ်တွင် AWVကိုအသုံးပြု သည့်အခါ ASSC သည် တာမီနယ်စစ်ဆေးခြင်း Terminal identifierနှင့် Mobile device identifierနှင့် IP address ကိုရယူသည့်အခါမျိုးရှိသည်။ ထို့အပြင် ASSC သည် အသုံးပြုသူ က တာမီနယ်တွင် ပတ်သက်ဆက်နွယ်စေသည့်အမည်၊ တာမီနယ်အမျိုးအစား၊ ဖုန်းနံပါတ်နှင့် နိုင်ငံ၊နှင့်အသုံးပြုသည် အမည်၊ (သို့မဟုတ်) အီးမေးလိပ်စာစသည့် အသုံးပြုသူက တင်ပြလာသည့် ကိစ္စ များကို ရွေးချယ်သည့်အပြင်အခြားသောအမျိုးမျိုးသောသတင်းအချက်အလက်များကို ရယူသည့် အခါမျိုးလည်းရှိသည်။
    • (၃) တည်နေရာသတင်းအချက်အလက်
      အသုံးပြုသူသည် ကွန်ပျူတာ  တာမီနယ် (သို့မဟုတ်) ဖုန်းတာမီနယ်ဖြင့်AWVကိုအသုံးပြုပြီး ထိုနေရာတွင် တည်နေရာ အချက်အလက်ကို တင်ပြခြင်းကို အတည်ပြုသည့်အခါ ASSCသည်အသုံးပြုသူ၏ လက်ရှိနေရာ နှင့်ပတ်သက်သက်သည့်သတင်းအချက်အလက်ကို ရယူသည့်အခါမျိုးလည်းရှိသည်။
    • (၄) အသုံးပြုသူ၏ လုပ်ဆောင်မှုဖန်ရှင်နှင့်ပတ်သက်သည့်သတင်းအချက်အလက်
      အသုံးပြုသူသည် ASSC၏ဝန်ဆောင်မှုကိုအသုံးပြုနေသည့်အချိန်တွင် ASSCကိုတိုက်ရိုက်တင်ပြ သည့်သတင်းအချက်အလက်နှင့် AWV ကိုတင်ပြနေသည့်တတိယအသုံးပြုသူဝန်ဆောင်မှုအသုံး ပြုနေသူမှတဆင့်တင်ပြသည့်သတင်းအချက်အလက်ကို ASSC ကရယူ၊ထိန်းသိမ်းသည့်အခါမျိုး လည်းရှိသည်။အသုံးပြုသူ၏ AWV အသုံးပြုနေသည့်အခြေအနေ၊ အခြားသောအသုံးပြုသူများ နှင့်ကူးလူးဆက်ဆံခြင်းနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုရယူသည့်အခါမျိုးလည်း ရှိသည်။
    • (၅) ကွန်မြူနီကေးရှင်းဆက်သွယ်မှုဖန်ရှင်
      အသုံးပြုသည် AWVတွင် အခြားသောအသုံးပြုနှင့်ဆက်သွယ်မှုပြုပြီး သတင်းအချက်အလက်(TEXT, USER PROFILE, MESSAGE, ဓါတ်ပုံ၊ရုပ်ပုံ၊ အသံ၊ဗီဒီယို၊ အပလီ ကေးရှင်းနှင့်အခြားသတင်းအချက်အလက်CONTENT များလည်းပါဝင်သည်)ကို အတူတူရယူကြ မည့် သတ်မှတ်ထားသည့်လှုပ်ရှားမှုတွင်ပါဝင်သည့်အခါ ASSC သည် ထိုသို့သောဆက်သွယ်မှု သတင်းအချက်အလက်များ၏မော်ကွန်းARCHIVE ကို မှတ်တမ်းတင်ထားပြီး ထိန်းသိမ်းထား သည့်အခါမျိုးရှိသည်။
    • (၆) ကွန်ကီးကိုအသုံးပြုသည့်သတင်းအချက်အလက်များကိုရယူခြင်း
      AWVကို ချဉ်းကပ်သည့်အခါ ASSC သည်အောက်ပါ အထူးသတ်မှတ်ထားသည့်သတင်းအချက် အလက်များကိုရယူသည်။ ASSCနှင့် ASSC၏ကိုယ်စားဖြစ်မည့်ဝန်ဆောင်မှုကိုပေးအပ်သူသည် LOG FILEနှင့် TREKKING နည်းပညာကိုအသုံးပြုပြီး ကွတ်ကီ၊ အိုင်ပီလိပ်စာ၊ တာမီနယ်အမျိုး အစား၊လက်ကိုင်ဖုန်းတာမီနယ်အမျိုးအစားI DENTIFIERနှင့် browser အမျိုးအစား၊ browser ဘာသာစကား၊ ရည်ညွန်းစာမျက်နှာနှင့်ထွက်သည့်စာမျက်နှာ၊ ပလက်ဖောင်းအမျိုးအစား၊ ကလစ်နှိပ်သည့်ကြိမ်ရေ၊ domain အမည်၊ landing page ကြည့်သည့်စာမျက်နှာအရေအတွက် နှင့်စာမျက်နှာကြည့်သည့်အစီအစဉ်၊ စာမျက်နှာတိုင်း၏URL. အထူးသတ်မှတ်ထားသည့် စာမျက်နှာကို ကြည့်သည့်နာရီပေါင်း၊ application/website အခြေအနေနှင့် ASSC၏ အပလီ ကေးရှင်း(သို့မဟုတ်) ဝက်ဆိုက်တွင် activities ကိုလုပ်ဆောင်သည့်ရက်နာရီ၊ နှင့်အခြားသောသတင်း အချက်အလက်များကိုရယူပြီးသရုပ်ခွဲသည်။ အတွင်းတွင်အသုံးပြုသည့်ရည်ရွယ်ချက်အနေဖြင့် ထိုသတင်းအချက်အလက်များကိုအသုံးပြုသူ၏ user id number နှင့်ပတ်သက်နေသည့်အခါမျိုး လည်းရှိသည်။ထို့အပြင် ASSC သည် (၁)အထူးသတ်မှတ်ထားသောစာမျက်နှာကို ဝင်ကြည့် ခြင်းရှိ/မရှိ၊(သို့မဟုတ်)မေးလ်ကိုဖွင့်ကြည့်ခြင်းရှိမရှိကိုအတည်ပြုနိုင်ရန်အတွက်Web beacon (၂)အထူးသတ်မှတ်ထားသော ပရိုမိုးရှင်းမက်ဆေ့ကစ၍ ရှိနေပြီးသော အသုံးပြုသူကိုဖယ်ထုတ်ခြင်း၊ အသစ်လာ၍ အင်စတောလုပ်သောနေရာကို အထူးသတ်မှတ်မည်။ (သို့မဟုတ်)အခြားသောဝက်ဆိုက်ပေါ်တွင်အသုံးပြုသူများကို ကြေငြာတင်ပေးခြင်းဖြင့် ပိုမိုကောင်းမွန် သည့်အကျိုးရှိစေသည်ကြေငြာဖြစ်လာစေနိုင်မည့် Tracking pixel အပါအဝင်အခြားသောနည်း ပညာများကိုအသုံးပြုသည့်အခါမျိုးလည်းရှိသည်။
    • (၇) ပြင်ပဝန်ဆောင်မှုများနှင့်အတူတူပူးပေါင်းခြင်းဖြင့် ရယူသည့်သတင်းအချက်အလက်
      ပြင်ပဝန်ဆောင်မှုကိုအသုံးပြုသူကအသုံးပြုသည့် ID နှင့်အခြားပြင်ပဝန်ဆောင်မှုတို့၏ PRIVACY SETTINGအရ အသုံးပြုသူက ပူးတွဲဆောင်ရွက်နေသည့်သူကို ဖော်ပြခြင်းကိုအတည်ပြုသည့် သတင်းအချက်အလက်ကိုရယူသည့်အခါမျိုးလည်းရှိသည်။
  • ၃ တဦးချင်းသတင်းအချက်အလက်များကိုအသုံးပြုသည့်ရည်ရွယ်ချက်

    ASSC သည်အသုံးပြုသူထံမှ ASSCသို့တင်ပြစေသောတဦးချင်းသတင်းအချက်အလက်များနှင့် ပတ်သက်၍အောက်ပါအသုံးပြုသည့်ရည်ရွယ်ချက်အတိုင်းအတာအတွင်း(သို့မဟုတ်)ရယူသောအခြေအနေမှာ ထင်ထင်ရှားရှားရှိနေသည့်အသုံးပြုသည့်ရည်ရွယ်ချက်အတိုင်းအတာအတွင်းတွင်သာ အသုံးပြုရန်၊ အသုံးပြုသူကသဘောတူသည့်အခါ APPLICATION ၏ဝန်ဆောင်မှုစည်းကမ်းများ ကိုသီးခြားသတ်မှတ်ထားသည့်အခါ (သို့မဟုတ်)ဥပဒေအမိန့်တို့ဖြင့်အတည်ပြုထားသည့်အခါမျိုးမှ လွဲ၍အခြားရည်ရွယ်ချက်ဖြင့်အသုံးမပြုရ။
    • (၁) စက်ရုံ၊ ဆိုင်၊ရုံးနှင့်အခြားသောနေရာများတွင်အလုပ်လုပ်ကိုင်နေသည့်သူများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုအသုံးပြုသည့်ရည်ရွယ်ချက်
      • အလုပ်လုပ်သည့်နေရာ၏အလုပ်လုပ်ကိုင်ရသည့်ပတ်ဝန်းကျင်ကိုစူးစမ်းခြင်း၊သုတေသနလုပ် ခြင်း၊သရုပ်ခွဲခြင်း
      • အလုပ်လုပ်သည့်နေရာတွင် အလုပ်လုပ်ကိုင်ရသည့်ပတ်ဝန်းကျင်ဆိုင်ရာသတင်းအချက် အလက်များကိုစုစည်းခြင်း
      • အလုပ်လုပ်သည့်နေရာတွင် ဘေးကင်းကြောင်းစစ်ဆေးအတည်ပြုခြင်း
      • သတင်းအချက်အလက်သရုပ်ခွဲသည့်ရလာဒ်ကိုတင်ပြခြင်း
      • လုပ်သားများ၏လှုပ်ရှားမှုနှင့်ပတ်သက်၍ အကြံပေးခြင်း
      • အသုံးပြုသူနှင့်သင့်တော်ပြီးအဆင်ပြေသည့်ဆက်သွယ်မှုရရန်
    • (၂) အသုံးပြုသူတာဝန်ထမ်းဆောင်နေသည့်အဖွဲ့ (နောင်တွင်တာဝန်ထမ်းဆောင်နေသည့်အဖွဲ့ဟု ခေါ်မည်)၊ ထိုသို့လုပ်ငန်းဆက်ဆံသည့်နေရာ(နောင်တွင်လုပ်ငန်းဆက်ဆံသည့်နေရာဟုခေါ်မည်) နှင့် အတူတူလုပ်ငန်းရှိသည့်အခြားကုမ္ပဏီ(နောင်တွင် လုပ်ငန်းတူအခြားကုမ္ပဏီဟုခေါ်မည်)နှင့် ပတ်သက်သည့်တဦးချင်းဆိုင်ရာသတင်းအချက်အလက်များကိုအသုံးပြုသည့်ရည်ရွယ်ချက်
      • အသုံးပြုသူ အလုပ်လုပ်သည့်နေရာ၏အလုပ်လုပ်ကိုင်ရသည့်ပတ်ဝန်းကျင်ကိုစူးစမ်းခြင်း၊ သုတေသနလုပ် ခြင်း၊သရုပ်ခွဲခြင်း
      • အသုံးပြုသူ အလုပ်လုပ်သည့်နေရာတွင် အလုပ်လုပ်ကိုင်ရသည့်ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက် အလက်များကိုစုစည်းခြင်း
      • အသုံးပြုသူ အလုပ်လုပ်သည့်နေရာတွင် ဘေးကင်းကြောင်းစစ်ဆေးအတည်ပြုခြင်း
      • သတင်းအချက်အလက်သရုပ်ခွဲသည့်ရလာဒ်ကိုတင်ပြခြင်း
      • လုပ်သားများ၏လှုပ်ရှားမှုနှင့်ပတ်သက်၍ အကြံပေးခြင်း
      • လုပ်ငန်းဆက်ဆံသည့်နေရာ၏လှုပ်ရှားမှုများနှင့်ပတ်သက်သည့်အကြံပေးခြင်း
      • အစိုးရဌာနဆိုင်ရာ၊ဝင်ရောက်ထားသည့်အဖွဲ့အစည်းသို့တင်ပြခြင်း၊သတင်းပို့ခြင်း
      • သင့်တော်ပြီး ချောမွေ့သည့် ဆက်သွယ်မှု • ဂျာနယ်၊ ဝက်ဆိုက်များတွင်တင်ခြင်း
  • ၄ အပ်နှံခြင်း

    ASSC သည်တဦးချင်းဆိုင်ရာသတင်းအချက်အလက်များကိုကိုင်တွယ်ရန် ပူးပေါင်းဆောင်ရွက် သည့်ကုမ္ပဏီကိုအပ်နှံသည့်အခါမျိုးလည်းရှိသည်။ သို့သော်အပ်နှံသည့်တဦးချင်းသတင်းအချက် အလက်မှာအပ်နှံသည့် အလုပ်တာဝန်ကိုအကောင်အထည်ဖော်ရန်အတွက် လိုအပ်သလောက် အတတ်နိုင်ဆုံးချုံ့ထားသည့်သတင်းအချက်အလက်ကိုသာသတ်မှတ်ရမည်။
  • ၅ တတိယသူကိုတင်ပြခြင်း

    ASSC သည်အသုံးပြုသူက ကြိုတင်ပေးထားသည့်သဘောတူညီချက်ကိုရထားပါက (သို့မဟုတ်)ဥပဒေအမိန့်များတွင် သတ်မှတ်ထားသည့်အခါမျိုးမှလွဲ၍ တဦးချင်းသတင်းအချက်အလက် များကိုတတိယသူ (အလုပ်အပ်နှံသည့်သူမပါ)ကိုမတင်ပြရ။
  • ၆ အတူတကွအသုံးပြုခြင်း

    ASSC သည်တဦးချင်းသတင်းအချက်အလက်များသတ်မှတ်ထားသောသူနှင့်အတူတကွအသုံးပြု သည့်အခါတွင် ကြိုတင်၍ အသုံးပြုသူကိုအကြောင်းကြားခြင်း(သို့မဟုတ်) အသုံးပြုသူ သိထားပြီးစေသော အနေအထားမျိုးဖြစ်ရမည်။
  • ၇ အချက်အလက်များပြောင်းရွေ့ခြင်း

    ASSC သည် တဦးချင်းသတင်းအချက်အလက်များကိုဂျပန်နိုင်ငံမဟုတ်သည့်အခြားသောနိုင်ငံမှ ASSC ၏ဂျပန်နိုင်ငံအတွင်းရှိရုံးသို့လွှဲပေးသည့်အခါမျိုးရှိတတ်သည်။ EU နှင့်အင်္ဂလန်နိုင်ငံ နယ်မြေ ပရဝဏ် အတွင်း ရှိသည့် စက်ရုံ၊ဆိုင်၊ရုံး၊ အခြားသောနေရာထံမှ ASSC ၏ဂျပန်နိုင်ငံတွင်း တွင်ရှိသည့်ရုံးသို့တဦးချင်းဆိုင်ရာသတင်းအချက်အလက်များကိုပြောင်းရွေ့သည့်အခါ ဂျပန်နိုင်ငံ က ရယူထားနိုင်သည့်ကြီးမားသည့်ဖြစ်နိုင်ခြေကို အတည်ပြုသတ်မှတ်ပြီးအခြေခံရမည်။ ASSC သည်EU နှင့်အင်္ဂလန်နိုင်ငံ နယ်မြေ ပရဝဏ်အတွင်းမှ ကြီးမားသည့်ဖြစ်နိုင်ခြေကိုအတည် ပြု သတ်မှတ်ပြီးတင်ပြလာခြင်းကိုလက်ခံရရှိသည့်တဦးချင်းသတင်းအချက်အလက်များကို နိုင်ငံခြားတွင်ရှိသည့် တတိယသူကိုပေးပို့မည့်အခါ အောက်ပါ(၁)မှ(၃)ဖော်ပြချက်တခုခုနှင့် တိုက်ဆိုင်သည့်အခါမျိုးမှလွဲ၍ ကာယကံရှင်၏သဘောတူညီချက်နှင့်ပတ်သက်သည့်ဆုံးဖြတ်ချက် ကိုဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သည့်ရွေ့လျားရောက်ရှိသွားမည့်နေရာ၏အခြေအနေနှင့် ပတ်သက်၍သတင်းအချက်အလက်ကိုတင်ပြပြီးနောက် ကြိုတင်၍နိုင်ငံခြားတွင်ရှိသည့်တတိယ သူသို့ တဦးချင်းသတင်းအချက်အလက်ကိုပေးပို့မည့်အကြောင်းကို ကာယကံရှင်၏သဘော တူညီချက်ကိုရယူရန်လိုအပ်သည်။
    • (၁) သက်ဆိုင်သည့်တတိယသူသည် တဦးချင်းအကျိုးစီးပွားကိုထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံနှင့်တန်းတူအဆင့်အတန်းရှိသည်ဟုအသိအမှတ်ပြုခံရသည့်တဦးချင်းသတင်းအချက် အလက်များကိုထိန်းသိမ်းသည့်စနစ်ကိုရှိနေသည့်နိုင်ငံအဖြစ်စည်းမျဉ်းဖြင့် သတ်မှတ်ထားသည့် နိုင်ငံဖြစ်သည့်အခါမျိုးတွင်
    • (၂)တဦးချင်းသတင်းအချက်အလက်ကိုကိုင်တွယ်သည့်လုပ်ငန်းရှင်နှင့်တဦးချင်းသတင်းအချက်အလက်ကို တင်ပြခြင်းကိုလက်ခံမည့်တတိယသူအကြားတွင် သက်ဆိုင်သည့်တတိယလူက တဦးချင်းသတင်းအချက်အလက်ကိုကိုင်တွယ်မည့်ကိစ္စနှင့်ပတ်သက်၍ သင့်တော်ပြီးယေဘူယျ ကျသည့်နည်းလမ်း (စာချုပ်၊ အခြားသောပုံစံဖြင့်နှောင်ဖွဲ့မှုကိုသတ်မှတ်ထားခြင်း(သို့မဟုတ်) လုပ်ငန်းအုပ်စုတွင်ထားရှိသည့် ချုပ်နှောင်ထားသည့် ကိုင်တွယ်သည့်နည်းလမ်း)ဖြင့် တဦးချင်း သတင်းအချက်အလက်ကိုထိန်းသိမ်းသည့်ဥပဒေနှင့်အလားတူစံနှုန်းရှိသည့်တဦးချင်းသတင်း အချက်အလက်ကိုထိန်းသိမ်းခြင်းနှင့်ပတ်သက်သည် အစီအမံကိုအတူတကွလုပ်ဆောင်ထား သည့်အခါမျိုးတွင်
    • (၃) တဦးချင်းဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းသည့်ဥပဒေပုဒ်မ၂၃အပိုဒ်(၁)နှင့်ကိုက် ညီသည့်အခါမျိုးတွင်
  • ၈ တဦးချင်းသတင်းအချက်အလက်များကိုစီမံခန့်ခွဲခြင်း

    • (၁) အချက်အလက်အကြောင်းအရာကို မှန်ကန်တိကျစွာအတည်ပြုထိန်းသိမ်းထားရှိခြင်း
      ASSC သည်တဦးချင်းဆိုင်ရာသတင်းအချက်အလက်နှင့်ပတ်သက်၍အသုံးပြုသည့်ရည်ရွယ်ချက် အောင်မြင်ရန်အတွက်လိုအပ်သည့်အတိုင်းအတာအတွင်း မှန်ကန်တိကျသော နောက်ဆုံးဖြစ်သည့် အတိုင်းအတာအတွင်း ထိန်းသိမ်းထားရှိရမည့်အပြင် အသုံးပြုရန်လိုအပ်ချက်မရှိတော့သည့်အခါ သက်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်များကို ဖျက်ဆီးပစ်ရန်တာဝန်ယူရမည်။
    • (၂) ဘေးကင်းရန်စီမံခန့်ခွဲထားရှိခြင်း
      ASSC သည် တဦးချင်းသတင်းအချက်အလက်ပေါက်ကြားခြင်း၊ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းကိုကာကွယ်ရန်အတွက်အခြားသော ဘေးကင်းသည့်စီမံခန့်ခွဲထားရှိမှုဖြစ်စေရန် အတွက် လိုအပ်သည့်အတိုင်းသင့်တော်သည့်စီမံထားရှိမှုမျိုးပြုလုပ်ရမည်။
    • (၃) ဝန်ထမ်းများကိုကြီးကြပ်ခြင်း
      ASSC သည် တဦးချင်းသတင်းအချက်အလက်များကို ဝန်ထမ်းများကိုကိုင်တွယ်အသုံးပြုစေသည့် အခါ တဦးချင်းသတင်းအချက်အလက်များကို သင့်တင့်မှန်ကန်သည့်ကိုင်တွယ်မှုဖြစ်စေရန်အားလုံးကို သိရှိနေစေရန်အတွက်သင့်တော်မှန်ကန်စွာသင်ကြားပေးခြင်း၊ လိုအပ်ချက်အတိုင်းသင့်တော်မှန်ကန် သည့်ကြီးကြပ်မှုကိုဆောင်ရွက်ရမည်။
    • (၄) အပ်နှံသည့်နေရာကိုကြီးကြပ်ကွပ်ကဲခြင်း
      ASSC သည် တဦးချင်းသတင်းအချက်အလက်များကိုကိုင်တွယ်အသုံးပြုရန်အပ်နှံသည့်အခါ အလုပ်အပ်နှံခံရသည့်နေရာတွင် သင့်တော်မှန်ကန်ပြီးဘေးကင်းသည့်စီမံခန့်ခွဲမှုအစီအမံများ ထားရှိရန် ပူးပေါင်းဆောင်ရွက်မည့်ကုမ္ပဏီကိုကောင်းစွာရွေးချယ်ရမည်။ အလုပ်အပ်နှံသည့် နေရာ ကို လိုအပ်သည့်အတိုင်းသင့်တော်မှန်ကန်သည့်ကြီးကြပ်ကွပ်ကဲမှုကိုဆောင်ရွက်ရမည်။
  • ၉ အဆင့်ဆင့်လုပ်ဆောင်ခြင်းprocessing အကြောင်းရင်းများ

    ASSC သည်ဥပဒေနှင့်ညီသောအကြောင်းရှိမှသာတဦးချင်းဆိုင်ရာသတင်းအချက်အလက်များကို စုစည်းခြင်းနှင့်အသုံးချခြင်းပြုမည်။ ဥပဒေနှင့်ညီသောအကြောင်းဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
    1. (၁) အသုံးပြုသူက ၄င်း၏ကိုယ်ရေးသတင်းအချက်အလက်များကို process လုပ်ရန် သဘောတူညီချက်ပေးသည့်အခါ
    2. (၂) AWV၏ဝန်ဆောင်မှုကိုပေးအပ်ပြီးအသုံးပြုခြင်းရည်ရွယ်ချက်အတိုင်းအောင်မြင်စေရန်အတွက် ပြုလုပ်ရန် process လုပ်ရန်လိုအပ်သည့်အခါ
    3. (၃) ASSC ကလိုက်နာရမည့်ဥပဒေအရသတ်မှတ်ထားသည့်တာဝန်များကို ထမ်းဆောင်ရန်အတွက် process လုပ်ရန်လိုအပ်သည့်အခါ
    4. (၄) ASSC (သို့မဟုတ်)တတိယသူဖြင့် စူးစမ်းရသော သင့်တော်မှန်ကန်သည့်အကျိုးအမြတ်ရရှိရန်အတွက် process လုပ်ရန်လိုအပ်သည့်အခါ။ (သင့်တော်မှန်ကန်သည့်အကျိုးအမြတ်)ဆိုသည်မှာတဦးချင်း ဆိုင်ရာသတင်းအချက်အလက်ကိုအသုံးပြုခြင်းဖြင့် တတိယစည်းကမ်းပါ အသုံးပြုသည့်ရည်ရွယ် ချက်ကိုအထမြောက်စေပြီးသည့်အပြင်သတင်းအချက်အလက်ကိုစုစည်းခြင်း၊ အသုံးပြုသည့် ရည်ရွယ်ချက်အတိုင်းလုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်လာအောင်အကျိုးပြုသည့် အခါမျိုး ရှိသည်။ သို့သော်အသုံးပြုသူအထူးသဖြင့် ကလေးများကအချက်အလက်အကြောင်းအရာများ ဖြစ်သည့်အခါ တဦးချင်းသတင်းအချက်အလက်များကိုတောင်းဆိုနေသည့်အခြေခံကျသည့် အခွင့်အရေးနှင့်လွတ်လပ်ခွင့်မှာသက်ဆိုင်ရာအခွင့်အရေးထက်ိုဦးစားပေးရမည့်အခါမျိုးမပါပါ။
    5. (၅) အများဆိုင်ရာအကျိုးအမြတ်(သို့မဟုတ်) ASSC တွင်ပေးအပ်ထားသည့်အများဆိုင်ရာအခွင့်အရေး ကန့်သတ်ချက်ကိုအသုံးပြုရန်အတွက်ဆောင်ရွက်သည့်လုပ်ငန်းတာဝန်များကိုထမ်းဆောင် ရန်အတွက် process လုပ်ရန်လိုအပ်သည့်အခါ
  • ၁၀ ထိန်းသိမ်းထားသည့်တဦးချင်းသတင်းအချက်အလက်များနှင့်ပတ်သက်၍လက်ခံရယူခြင်း

    • (၁) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှ ထိန်းသိမ်းထားသည့်တဦးချင်းသတင်းအချက်အလက် များကိုအသုံးပြုရန်ရည်ရွယ်ချက်ကိုအသိပေးခြင်းကိုတောင်းဆိုလာသည့်အခါ အောက်ပါကိစ္စများမှ လွဲ၍ အမြန်ဆုံးအကြောင်းကြားပေးရမည်။
      • (က) အသုံးပြုသူကိုခွဲခြားနိုင်သည့်ထိန်းသိမ်းထားသည့်တဦးချင်းဆိုင်ရာသတင်းအချက်အလက်ကို အသုံးပြုသည့်ရည်ရွယ်ချက်မှာထင်ထင်ရှားရှားရှိသည့်အခါ
      • (ခ) အသုံးပြုသူ(သို့မဟုတ်)တတိယသူ၏အသက်ခန္ဓာ၊ ပိုင်ဆိုင်မှုနှင့်အခြားရပိုင်ခွင့်အကျိုးစီးပွားကို ထိခိုက်စေ နိုင်သည်ဟုစိုးရိမ်ရသည့်အခါ
      • (ဂ) ASSC၏ရပိုင်ခွင့်(သို့မဟုတ်) တရားနည်းလမ်းကျသည့်အကျိုးစီးပွားကို ထိခိုက်စေ နိုင်သည်ဟုစိုးရိမ်ရ သည့်အခါ
      • (ဃ) နိုင်ငံတော်အဖွဲ့အစည်းများ၊ဒေသန္တရအဖွဲ့အစည်းများကဥပဒေဖြင့်သတ်မှတ်ထားသောလုပ်ငန်း များကိုအကောင်အထည်ဖော်ရန်အတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အခါ၊ သက်ဆိုင်သည့် လုပ်ငန်းများကိုအကောင်အထည်ဖော်ရာတွင်နှောင့်နှေးအခက်အခဲဖြစ်စေနိုင်သည်ဟုစိုးရိမ်ရသည့် အခါ
    • (၂) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှ ပိုင်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်ကို ဖော်ပြရန် တောင်းဆိုလာသည့်အခါအောက်ပါကိစ္စများမှလွဲ၍ အမြန်ဆုံးအကြောင်းကြားရမည်-
      • (က) အသုံးပြုသူ(သို့မဟုတ်)တတိယသူ၏အသက်ခန္ဓာ၊ ပိုင်ဆိုင်မှုနှင့်အခြားရပိုင်ခွင့်အကျိုးစီးပွားကို ထိခိုက်စေ နိုင်သည်ဟုစိုးရိမ်ရသည့်အခါ
      • (ခ) ASSC ၏လုပ်ငန်းများကိုသင့်တင့်မှန်ကန်စွာအကောင်အထည်ဖော်ရာတွင်သိသာသည့် အခက်အခဲနှောင့်နှေးမှုများဖြစ်စေနိုင်သည်ဟုစိုးရိမ်ရသည့်အခါ
      • (ဂ) ဥပဒေအမိန့်များကိုဖောက်ဖျက်သည့်အခါ
    • (၃) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှပိုင်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်များကိုပြင်ဆင် ခြင်း၊ နောက်ထပ်ထည့်ခြင်း၊ ဖျက်ခြင်းပြုပေးရန်တောင်းဆိုလာသည့်အခါ အမြန်ဆုံးစစ်ဆေးမှုလုပ်ပြီး တွေ့ရှိချက်ရလာဒ်ကိုအခြေခံပြီး လိုအပ်သလိုဆောင်ရွက်ပေးရန်၊ အသုံးပြုသူကိုဆက်သွယ်ရန်လို အပ်သည်။
    • (၄) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှ ပိုင်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်ကိုအသုံးပြု ခြင်းမှ ရပ်တန့်ရန်(သို့မဟုတ်)ဖျက်သိမ်းပေးရန်တောင်းဆိုလာသည့်အခါ တောင်းဆိုသည့်အကြောင်းရင်း ရှိကြောင်းထင်ရှားသည့်အခါ လိုအပ်သည့်အတိုင်းသင့်တော်မှန်ကန်စွာတုန့်ပြန်ဆောင်ရွက်ပေးရမည်။
    • (၅) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှ ပိုင်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်ကို process လုပ်ရာတွင်ကန့်သတ်မှုပြုရန်တောင်းဆိုလာသည့်အခါ လိုအပ်သည့်အတိုင်းသင့်တော်မှန်ကန်စွာ တုန့်ပြန်ဆောင်ရွက်ပေးရမည်။
    • (၆) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှ ပိုင်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်ကိုဖွဲ့စည်း တည်ဆောက်ပြီး၊ယေဘူယျအသုံးပြုခြင်း(သို့မဟုတ်)စက်ဖြင့်ဖတ်ယူနိုင်သည့်ပုံစံဖြင့်လက်ခံရယူရန်တောင်းဆို လာသည့်အခါ လိုအပ်သည့်အတိုင်းသင့်တော်မှန်ကန်စွာတုံပြန်ဆောင်ရွက်ပေးရမည်။ ထို့အပြင်၊ အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်က သက်ဆိုင်ရာဒေတာကို ASSCကစွက်ဖက်ခြင်းမလုပ်ဘဲအခြားသော စီမံခန့်ခွဲသူများကို သဘောတူစေနိုင်သည့်အခွင့်အရေးရှိသည်။
    • (၇) အသုံးပြုသူ(သို့မဟုတ်)ကိုယ်စားလှယ်ထံမှ ASSC(သို့မဟုတ်)တတိယသူကစူးစမ်းမှုပြုလုပ်သည့်တရားမျှတ သည့်အကျိုးအမြတ်ရရှိရန်ရည်ရွယ်ချက်ဖြင့် processလုပ်ရန်လိုအပ်ချက်ကိုအခြေခံပြီး ကိုယ်ပိုင် တဦးချင်းသတင်းအချက်အလက်ကို process လုပ်ခြင်းကိုကန့်ကွက်ပြောကြားလာသည့်အခါ လိုအပ်သည့်အတိုင်းသင့်တော်မှန်ကန်စွာ တုန့်ပြန်ဆောင်ရွက်ပေးရမည်။
    • (၈) အသုံးပြုသူသည် အသုံးပြုသူနှင့်သက်ဆိုင်သည့်ဥပဒေအရအကျိုးမြတ်ကိုရရှိစေမည် လား၊ (သို့မဟုတ်)သက် ဆိုင်သည့်အသုံးပြုသူကိုအလားတူကြီးမားသောအကျိုးသက်ရောက်စေမည့် ပရိုဖိုင်းရင်းprofiling စသည့် automated process ကိုသာအခြေခံ၍ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင် သည့်အခွင့်အရေး ကိုပိုင်ဆိုင်သည်။
    • (၉) နောက်ဆုံးအပိုဒ်(၈)တောင်းဆိုသည့်အခါ (၁၀)တွင်ဖော်ပြထားသည့် မိမိကုမ္ပဏီ၏လက်ခံ ကောင်တာသို့ရောက်အောင်ပို့ပေးပါ။ တင်ပြရရှိထားသည့်တဦးချင်းသတင်းအချက်အလက်မှာ အသုံးပြုသူထံမှတောင်းဆိုချက်အတိုင်း တုန့်ပြန်ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့်အသုံးပြုပြီး၊ တိတိ ကျကျထိန်းသိမ်းထားရမည်။ တောင်းဆိုသည့်စာနှင့်ပူးတွဲပါစာရွက်စာတမ်းများနှင့်ပတ်သက်၍ ပြန်ပို့ခြင်းလုပ်မည်မဟုတ်ကြောင်းသိထားစေလိုပါသည်။
  • ၁၁ သတင်းအချက်အလက်အတုအယောင်များနှင့်ပတ်သက်၍

    ASSC သည်ဥပဒေအမိန့်များကိုအခြေခံ၍တဦးချင်း၏သတင်းအချက်အလက်များကိုခွဲခြားခြင်း နှင့်တဦးချင်းသတင်းအချက်အလက်များကို မူရင်းအတိုင်းပြန်မလုပ်နိုင်သည့်သင့်တော်သည့် နည်းလမ်းဖြင့် process လုပ်ပြီး သတင်းအချက်အလက်အတုအယောင်များကို ရယူပြီး သရုပ်ခွဲခြင်း၊ သရုပ်လေ့လာခြင်း၊ စူးစမ်းခြင်းစသည်တို့ကိုလုပ်ဆောင်ပြီးလုပ်ငန်းတာဝန်အရလိုအပ်သည့်အတိုင်းအတာ အတွင်းတွင်သာ သက်ဆိုင်ရာသတင်းအချက်အလက်များသည် သတင်းအချက်အလက်အတုအယောင်များဖြစ်ကြောင်းကို အသိပေးကြေငြာပြီးနောက် ၄င်းတို့ကို တတိယသူကို ဆက်လက်ပေးအပ်သည့်အခါမျိုးရှိနိုင်သည်။ EU(သို့မဟုတ်) ဗြိတိန်နိုင်ငံများနယ်မြေအတွင်းမှ လုံလောက် သည့် သရုပ်ခွဲခြင်းကိုအခြေခံပြီးပေးအပ်ခြင်းကိုလက်ခံရရှိသည့်တဦးချင်းသတင်းအချက်အလက် များနှင့်ပတ်သက်၍ ASSCက process နည်းလမ်းစသည့်သတင်းအချက်အလက် (သတင်းအချက်အလက်အတုအယောင်များပြုလုပ်ရာတွင်အသုံးပြုခဲ့သည့်တဦးချင်းသတင်းအချက်အလက် များထဲမှ ဖျက်လိုက်သည့် ဖော်ပြချက်နှင့်တဦးချင်းခွဲခြားနိုင်သော personal identification code နှင့် process လုပ်သည့်နည်းလမ်းများနှင့်ပတ်သက်သည့်သတင်းအချက်အလက်(ထိုသတင်းအချက် အလက်ကိုအသုံးပြု၍သက်ဆိုင်သည့်တဦးချင်းသတင်းအချက်အလက်ကိုမူရင်းပြန်လုပ်နိုင်သည့် ကိစ္စများအတွက်သာ)ဟုခေါ်မည်)ကိုဖျက်လိုက်ခြင်းဖြင့် (အတုအယောင်စနစ်ဖြင့် တဦးချင်းကို နောက်တကြိမ်ခွဲခြားခြင်းကိုမည်သူ့အတွက်မှမဖြစ်နိုင်ဟုဆိုမည်။ တင်ပြမည့်သတင်းအချက်အလက်အတုအယောင်များပါနေသော တဦးချင်းနှင့်ဆိုင်သည့် သတင်းအချက် အလက် အကြောင်းအရာနှင့် သတင်းအချက်အလက်အတုအယောင်များကိုတင်ပြသည့် နည်းလမ်းမှာအောက်ပါအတိုင်းဖြစ်သည်။
    • (၁) သတင်းအချက်အလက်အတုအယောင်များရေးသားခြင်း ကျား/မ ၊အသက်ဆိုင်ရာအချက်အလက် ဆွေးနွေးလာသည့်ကိစ္စနှင့်သက်ဆိုင်သည့်အချက်အလက်
    • (၂) တတိယသူကိုတင်ပြသည့် သတင်းအချက်အလက်အတုအယောင်
      • ၁) တတိယသူသို့တင်ပြသည့် သတင်းအချက်အလက်အတုအယောင်တွင်ပါဝင် သည့်တဦးချင်းနှင့်သက်ဆိုင်သည့်အချက်အလက်အကြောင်းအရာ ကျား/မ ၊အသက်ဆိုင်ရာအချက်အလက် ဆွေးနွေးလာသည့်ကိစ္စနှင့်သက်ဆိုင်သည့်အချက်အလက်
      • ၂) သတင်းအချက်အလက်အတုအယောင်ကိုတင်ပြသည့်နည်းလမ်း သင့်တော်သည် access စီမံခန့်ခွဲမှုကိုဆောင်ရွက်နေသည့် server၊ တဦးချင်း၏မေးလ်၊ ထို့အပြင်စာတိုက်မှပေးပို့ခြင်း၊ အမြန်ချောပို့ဖြင့်ပေးပို့ခြင်း
  • ၁၂ တဦးချင်းသတင်းအချက်အလက်ကိုထိန်းသိမ်းထားမည့်အချိန်ကာလ

    ASSC သည်အသုံးပြုသူက account ကိုပိုင်မှသာလျှင် အသုံးပြုသူ၏တဦးချင်းအချက်အလက်များကို ထိန်းသိမ်းထားမည်။ ASSC သည် account ဖျက်ပေးရန်တောင်းဆိုခံသည့်နောက်ပိုင်းတွင်လည်း ဘေးကင်းမှုနှင့်မမှန်မကန်လုပ်မှုကိုကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် လိုအပ်ချက်အရ သတ်မှတ်ထား သည့်အသုံးပြုသူ၏အချက်အလက်များကိုထိန်းသိမ််းထားခြင်းမျိုးရှိနိုင်သည်။
  • ၁၃ စုံစမ်းမေးမြန်းခြင်းစသည်တို့နှင့်မကျေနပ်ချက်များကိုဖြေရှင်းပေးမည့်လက်ခံကောင်တာ

    လူမှုရေးအဖွဲ့အစည်းဖြစ်သည့်The Global Alliance for Sustainable Supply Chain ASSC WORKERS VOICE ရုံးခန်း 〒211-0006 Shin Maruko Room 202, Towa City Corp., 1-653-7, Maruko-dori, Nakahara-ku, Kawasaki City, Kanagawa Prefecture, Japan. TEL: 044-982-1967 (Representative) Telephone reception hours: 9:00 to 17:00 (စနေ၊တနင်္ဂနွေ၊အမျိုးသားရုံးပိတ်ရက်နှင့် ကုမ္ပဏီပိတ်ရက်များမပါ) Email: voice.office@g-assc.org
  • ၁၃ ပရိုက်ဗစီပေါ်လစီကိုမွမ်းမံသတ်မှတ်မည့်အကြောင်း

    ASSC သည်ဤပေါ်လစီပါအကြောင်းအရာများကိုသင့်တော်သလိုပြန်လည်သုံးသပ်၍ လိုအပ်ချက်များ အရပြင်ဆင်သတ်မှတ်ခြင်းများရှိသည်။ ထိုအခါမျိုးတွင်ပြင်ဆင်သတ်မှတ်ကြောင်းထုတ်ပြန်ကြေငြာသည့်ရက်မှစ၍၄င်းပရိုက်ဗစီပေါ်လစီကို ကျင့်သုံးကြရပါမည်။ ပြဌာန်းရက် ၃-၇-၂၀၂၀

ASSC Workers Voice (AWV)
ဝန်ဆောင်မှုစည်းကမ်းများ

ဤစည်းကမ်းများမှာ(နောင်တွင်ဤစည်းကမ်းများဟုခေါ်မည်) လူမှုရေးအဖွဲ့အစည်းဖြစ် သည့် The Global Alliance for Sustainable Supply Chain (နောင်တွင် ASSC ဟုခေါ်မည်)ကလုပ်ဆောင်ပေးမည့် ASSC Workers Voice(ASSC Workers Voice smart phone application ၏ Genba-Wise (နောင်တွင် Genba-Wise ဟုခေါ်မည်) အပါအဝင်) (နောင်တွင်တစုတစည်းတည်း ASSC Workers Voice(AWV)ဟုခေါ်မည်)ကိုအသုံးပြုခြင်း နှင့်ပတ်သက်သည့်စည်းကမ်းများကို ASSC နှင့် AWV ကို မိတ်ဆက်ပေးသည့် စာချုပ်ကို ချုပ်ဆို သည့်ကုမ္ပဏီအသင်းအဖွဲ့နှင့်အခြားအသင်းအဖွဲ့(နောင်တွင် ကုမ္ပဏီအသင်းအဖွဲ့ စသည်တို့ ဟု ခေါ်မည်) ၊ကုမ္ပဏီအသင်းအဖွဲ့စသည်တို့က AWV ကိုအသုံးပြုစေမည်ဟု ဆုံးဖြတ်ထား သည့် အသုံးပြုသူ(နောင်တွင် အသုံးပြုသူဟုခေါ်မည်)နှင့် ASSC တို့အကြားတွင် စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်သည်။

စည်းမျဉ်း (၁) (စည်းကမ်းချက်များကိုသဘောတူခြင်း)

  • ၁။ ကုမ္ပဏီအသင်းအဖွဲ့စသည်တို့နှင့်အသုံးပြုသူတို့သည် ASSC Workers Voice (AVW)ပရိုက်ဗစီပေါ်လစီ၊ ဤအခြေခံ စည်းကမ်းချက်များအတိုင်းမဖြစ်မနေလိုက်နာပြီး AWV ကိုအသုံးပြုကြရန်ဖြစ်သည်။
  • ၂။ အသုံးပြုသူသည် အသက်မပြည့်သေးသူဖြစ်ပါက အုပ်ထိန်းသူစသည့် တရားဝင်သတ်မှတ် ထားသည့်ကိုယ်စားပြုသူကသဘောတူညီမှု(ဤအခြေခံ စည်းကမ်းများကိုသဘောတူညီချက်အပါ အဝင်)ကိုရယူပြီးနောက်မှသာ AWV ကိုအသုံးပြုပါ။ထို့အပြင်ဤစည်းမျဉ်းများကိုသဘောတူ လိုက်သည့်အခါ အသက်မပြည့်သေးသည့်အသုံးပြုသူသည် အသက်ပြည့်ပြီးနောက် AWV ကိုအသုံးပြုသည့်အခါ အသက်မပြည့်သေးသည့်အချိန်တွင်အသုံးပြုခဲ့သည့်လုပ်ဆောင်ချက် များကိုလက်ခံအတည်ပြုခဲ့သည်ဟုမှတ်ယူရမည်။
  • ၃။ AWV နှင့် တဦးချင်းအသုံးပြုသည့်စာချုပ်ရှိပါက အသုံးပြုသူသည်ဤအခြေခံ စည်းမျဉ်းများအပြင် သီးခြားအသုံးပြုသည့်စာချုပ်တွင်သတ်မှတ်ချက်များအတိုင်းလိုက်နာပြီး AWV ကိုအသုံးပြု ရမည်။

စည်းမျဉ်း (၂) (စည်းကမ်းချက်များကိုပြောင်းလဲခြင်း)

  • ၁။ ASSC သည် ASSC ကလိုအပ်သည်ဟုဆုံးဖြတ်လိုက်သည့်အခါမည်သည့်အချိန်တွင်မဆို ဤစည်းကမ်းချက်များကိုပြောင်းလဲနိုင်စေရမည်။
  • ၂။ ပြောင်းလဲပြီးနောက် ဤအခြေခံ စည်းကမ်းများသည် AWVအတွင်းနှင့် ASSC ကစီမံနေသည့် ဝက်ဆိုက်အတွင်းသင့်တော်သည့်နေရာတွင်ကြေငြာပြီးသည့်အချိန်ကစ၍ စတင်အကျိုးသက် ရောက်စေပြီး အသုံးပြုသူသည် ဤအခြေခံ စည်းကမ်းများကိုပြုပြင်ပြောင်းလဲပြီးသည့်နောက်ပိုင်းတွင် လည်း AWV ကိုဆက်လက်အသုံးပြုခြင်းဖြင့် ပြောင်းလဲပြီးနောက် ဤအခြေခံ စည်းကမ်းများနှင့် ပတ်သက်သည့်အကျိုးသက်ရောက်ရှိပြီးမဖျက်သိမ်းနိုင်သည့်သဘောတူညီ လိုက် သည်ဟု မှတ်ယူရမည်။ AWV ကိုအသုံးပြုသည့်အချိန်တွင် အခါအားလျှော်စွာ ဤစည်းကမ်းများတွင် နောက်ဆုံးအသစ် ပြင် ထားသည့် အချက်များကိုကြည့်ရူပါ။
  • ၃။ ဤစည်းကမ်းများနှင့်မတူသည့်အသုံးပြုမည့်ကုမ္ပဏီအသင်းအဖွဲ့စသည်တို့သည် သက်ဆိုင်ရာမတူညီသည့်အချက်များနှင့်ပတ်သက်၍ သီးခြားစီ ASSC နှင့်ပြောင်းလဲသည့် စာချုပ်ကိုချုပ်ဆိုပြီး အသုံးပြုသူကို ကောင်းစွာသိရှိစေရမည်။

စည်းမျဉ်း (၃) (ဝန်ဆောင်မှု၏အကျဉ်းချုပ်)

အသုံးပြုသူသည်အသုံးပြုသူဖက်မှဆွေးနွေးခြင်းကိုတုန့်ပြန်ခြင်း၊အသုံးပြုသူ၏လုပ်ငန်းခွင်နှင့် ပတ်သက်သည့်ပြုပြင်ရန်အဆိုပြုချက်၊ Assignment sharing ၊ ဆာဗေးလုပ်ရန်လည်ပတ် ခြင်း၊ကုမ္ပဏီအသင်းအဖွဲ့များသို့သတင်းပို့ခြင်း၊ တုန့် ပြန်ရန်အဆိုပြုခြင်း၊ဒေတာဘေ့စ်တည် ဆောက်ခြင်း၊သရုပ်ခွဲခြင်း၊အရေးပေါ်အခြေအနေတွင်စစ်ဆေးခြင်း၊မီးသတ်ခြင်း၊အရေးပေါ် အခြေအနေနှင့်ပတ်သက်၍ အများပြည်သူထံ သတင်းပို့ခြင်း၊ ASSCအတွင်းတွင်လေ့လာ သည့်အဖွဲ့ဖွဲ့စည်းခြင်း၊စသည့် အသုံးပြုသူကို ထောက်ပံ့ပေးခြင်း ၊ကယ်ဆယ်ခြင်း၊ စသဖြင့် ASSC က AWV ၏အမည်ဖြင့်ပြုလုပ်ပေးမည့် ဤအခြေခံ စည်းကမ်းများတွင် ဖော် ပြထားသည့်ဝန်ဆောင်မှု၊၄င်းအပြင် ASSC ကသီးခြားသတ်မှတ်ထားသည့်ဝန်ဆောင်မှုတို့ကို အသုံးပြုနိုင်သည်။ ထို့အပြင် AWV ကိုလက်ခံသည့်အခါပေါ်ပေါက်လာသည့် လက်ကိုင်ဖုန်းအပါအဝင် အချက် အလက်သတင်းပို့သည့်ကိရိယာများဖြင့် မေးလ်ပေးပို့လက်ခံခြင်း၊ ဝက်ဆိုက်ကြည့်ခြင်း၊ website browsing နှင့်အခြားသောဆက်သွယ်မှုပြုရာတွင်လိုအပ်သည့်အားလုံးသော ဆက်သွယ်ရေးကုန်ကျစရိတ်များကို ကုမ္ပဏီအသင်းအဖွဲ့များက ကျခံရမည်။

စည်းမျဉ်း (၄) (Genba-Wise ကိုအသုံးပြုသည့်စည်းကမ်းချက်)

  • ၁။ Genba-Wise ကိုအသုံးပြုသူသည် Genba-Wise ကိုအသုံးပြုသည့်အခါ password ကို ကိုမှတ်ပုံတင်သည့်အခါ ၄င်းကို မမှန်မကန်အသုံးမပြုစေနိုင်ရန်အတွက်မိမိတာဝန်မိမိယူပြီး ထိထိရောက်ရောက်စီမံခန့်ခွဲရန်လိုအပ်သည်။ ASSC သည် မှတ်ပုံတင်ထားသော passwordကိုအသုံးပြုပြီးပြုလုပ်သည့်လုပ်ဆောင် ချက် အားလုံးမှာ အသုံးပြုသူကာယကံရှင်က လုပ်ဆောင်သည့်အလုပ်ဟုမှတ်ယူနိုင်သည်။—-
  • ၂။ Genba-Wise တွင်မှတ်ပုံတင်ထားသည့်အသုံးပြုသူသည် မည်သည့်အချိန်တွင်မဆို account ကိုဖျက်သိမ်းပြီး အဆက်အသွယ်ရုတ်သိမ်းနိုင်ခွင့်ရှိသည်။
  • ၃။ ASSC သည်အသုံးပြုသူက ဤအခြေခံ စည်းကမ်းများကိုဖောက်ဖျက်ခြင်း (သို့မဟုတ်) ဖောက်ဖျက်မည်ဟု စိုးရိမ်စရာရှိ သည်ဟု အတည်ပြုသည့်အခါ ကြိုတင်ပြီး အသုံးပြုသူကို သတိ မပေးဘဲ ထို accountကို ရပ်ဆိုင်းခြင်း၊ ဖျက်ပစ်ခြင်းပြုလုပ်နိုင်သည်။
  • ၄။ အသုံးပြုသူ၏ Genba-Wise တွင်ရှိသောအားလုံးသောအသုံးပြုခွင့်များ၏ အကြောင်းရင်း ကိုမပြောဘဲ account ကိုဖျက်သိမ်းလိုက်သည့်အခါ ပျောက်ပြယ်သွားမည်။ အသုံးပြုသူသည် မှားယွင်းပြီးaccount ကိုဖျက်နိုင်သည့်အခါမျိုးရှိသော်လည်း ၄င်း account ကိုပြန်ရအောင် မလုပ်ပေးနိုင်ကြောင်း သတိပြုထားရန်လိုအပ်သည်။
  • ၅။ Genba-Wise ၏ account မှာအသုံးပြုသူတဦးတည်းအတွက်သာသီးသန့်အပိုင်ပေးခြင်း ဖြစ် သည်။အသုံးပြုသူ၏ Genba-Wise တွင်ရှိသည့်အားလုံးသောအသုံးချနိုင်ခွင့်ကိုတတိယ သူ ကိုလွှဲပြောင်းပေးအပ်ခြင်း၊ငှားခြင်း၊(သို့မဟုတ်)ဆက်ခံစေခြင်းမပြုလုပ်နိုင်ပါ။
  • ၆။ Genba-Wise ၏တဦးတည်းသုံးသည့် accountကို ပွားခြင်းမပြုလုပ်နိုင်ပါ။
  • ၇။ Genba-Wise ၏တဦးတည်းသုံးသည့်accountကို ASSC ကရပ်တန့်ထားလိုက်သည့် အခါ ASSC ၏ခွင့်ပြုချက်မရရှိဘဲaccount အသစ်မဖွင့်နိုင်ပါ။

စည်းမျဉ်း (၅) (ဝန်ဆောင်မှုလုပ်ပေးခြင်း)

  • ၁။ အသုံးပြုသူသည် Genba-Wise ကိုအသုံးပြုသည့်အခါ လိုအပ်သည့် smart device၊ ဆက်သွယ်ရေးကိရိယာ၊ အော်ပရေးရှင်းစနစ်၊ ဆက်သွယ်သည့်လုပ်ငန်းအဆင့်ဆင့်နှင့် လျှပ်စစ်မီးစသည်တို့ကို အသုံးပြုသူ(သို့မဟုတ်) ကုမ္ပဏီလုပ်ငန်းများ၏ယုံကြည်မှုနှင့်တာဝန်ခံမှုဖြင့် မဖြစ်မနေပြင်ဆင်ထားရမည်။ ထို့အပြင်အသုံးပြုသူသည်အသက်မပြည့်သေးသူဖြစ်ပါက ကုမ္ပဏီအသင်းအဖွဲ့များ(သို့မဟုတ်)မိဘအုပ်ထိန်းသူစသည့်တရားဝင်ကိုယ်စားလှယ်များက အသုံးပြုနေသူထံ အသုံးပြုခြင်းကို အသိအမှတ်ပြုပြီးမှအသုံးပြုပါ။
  • ၂။ ASSC သည် AWV ၏အားလုံး(သို့)တစိတ်တပိုင်းကို အသက်အရွယ်၊ ကာယကံရှင် မှန်ကန် ကြောင်းအတည်ပြုခြင်းရှိမရှိ၊အသုံးပြုသူထံ ဝန်ဆောင်မှုပေးခြင်းကိုလက်ခံယူမည့် ရည်ရွယ်ချက်ဖြင့်အသုံးပြုသူက ASSC သို့တင်ပြသည့် အားလုံးသောသတင်းအချက်အလက် (နောင်တွင် (မှတ်ပုံတင်အချက်အလက်) ဟုခေါ်မည်ရှိမရှိ၊ ထို့အပြင် ASSC က လိုအပ် ချက်နှင့်ဆုံးဖြတ်သည့် အခြေအနေပြည့်စုံပြီး အသုံးပြုသူများထံ သတ်သတ်မှတ်မှတ်ဝန်ဆောင်မှုပေးနိုင်စေရမည်။
  • ၃။ အသုံးပြုသူသည် AWV ၏အမည်၊အကြောင်းအရာ၊အသက်အရွယ်၊နှင့်အသုံးပြုသည့် ပတ်ဝန်းကျင်စသည့် ASSC ကသတ်မှတ်ထားသောစည်းကမ်းချက်များကိုအတည်ပြုပြီး နောက်သက်ဆိုင်သည့်စည်းကမ်းချက်များအတိုင်းလိုက်နာပြီး ASSC ကသတ်မှတ်ထားသည့် အတိုင်းအတာအတွင်းတွင်သာ AWV ကိုအသုံးပြုနိုင်စေရမည်။
  • ၄။ ASSC သည် အကြောင်းပြချက်ကိုမမေးဘဲအသုံးပြုသူကိုကြိုတင်အကြောင်းကြားခြင်း၊ သတိပေးထားခြင်းမပြုဘဲ AWV ၏အမည်နှင့်အသုံးပြုသည့်အတိုင်းအတာများကိုသတ်မှတ် ခြင်း၊ပြောင်းလဲခြင်းပြုလုပ်နိုင်စေရမည်။ထို့အပြင် AWV ၏ function များအားလုံး(သို့မဟုတ်)တစိတ် တပိုင်းနှင့်ပတ်သက်၍ တီထွင်သတ်မှတ်ခြင်း၊နောက်ဆက်တွဲထည့်ခြင်း၊ဖျက်ခြင်း၊အကြောင်း အရာကိုပြောင်းလဲခြင်း၊ရပ်နားခြင်း၊ဖျက်သိမ်းခြင်းပြုလုပ်နိုင်ခွင့်ရှိစေရမည်။
  • ၅။ ASSC သည် AWV မှတဆင့်ဆွေးနွေးခြင်းအပါအဝင် AWV ပေါ်မှအားလုံးသောသတင်း အချက်အလက်များကို supply chainဖြင့် အလုပ်သမားအခွင့်အရေးကိစ္စများကိုစောစွာ သိရှိခြင်းနှင့်ကောင်းအောင်ပြင်ဆင်မည့်ရည်ရွယ်ချက်ဖြင့် ASSC ကလိုအပ်သည်ဟုစဉ်းစား ထားသောအတိုင်းအတာ အတွင်း လွတ်လွတ်လပ်လပ်အသုံးပြုနိုင်စေရမည်။
  • ၆။ အသုံးပြုသူသည် အသုံးပြုသူမှတ်ပုံတင်ကိုပယ်ဖျက်ခြင်းဟာလည်း နောက်ပိုင်းတွင် ASSC ကအသုံးပြုသူကဆွေးနွေးထားသည့်အကြောင်းအရာကို ယေဘူယျကျသည့်ကာလအတွင်း backupနှင့်မော်ကွန်းတင်ခြင်း၊(သို့မဟုတ်)စာရင်းစစ်ရန်ရည်ရွယ်ချက်ဖြင့်ထိန်းသိမ်းထားခြင်းမျိုးရှိပြီး ဥပဒေအရတာဝန်ရှိလာသည့်အခါ (သို့မဟုတ်) မှန်ကန်သည့် လုပ်ငန်းဆိုင်ရာရည်ရွယ်ချက်တခုခု ဖြင့် အသုံးပြုသူဆိုင်ရာမှတ်ပုံတင်ထားသောarchive မော်ကွန်းကို copy သိမ်းထားနိုင်ရန် သဘောတူသည်။

စည်းမျဉ်း (၆) (စစ်တမ်းမေးခွန်းများ)

  • ၁။ ASSC သည်အသုံးပြုသူများအတွက် အသုံးပြုသူ၏ ပင်ကိုယ်အကြောင်းအရာ၊ အားသန်ချက်၊ထင်မြင်ချက်စသည်တို့ကို ဆာဗေးလုပ်ရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုသူများကို စစ်တမ်း (မေးခွန်းများ)ပုံစံဖြင့် ဝက်ဆိုက်နှင့် အီးမေးလ်တို့ကိုအသုံးပြုပြီးအဖြေတောင်းခြင်း၊ မဲပေးစေခြင်း၊ ရေးတင်စေခြင်း(နောင်တွင် စစ်တမ်းမေးခွန်းဟုခေါ်မည်)ကိုအခါအားလျှော်စွာ ပြုလုပ်နိုင်စေရမည်။
  • ၂။ အသုံးပြုသူက စစ်တမ်းမေးခွန်းများကိုဖြေထားသည့်အကြောင်းခြင်းရာတွင်ပေါ်ပေါက်လာသူ စာရေးသူမူပိုင်ခွင့်စသည်တို့ကို အသိပညာပိုင်ဆိုင်မှုအခွင့်အရေးနှင့်အခြားသောအမျိုးမျိုး သောပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍အသုံးပြုသူက ASSC ကိုအဖြေကိုပြန်ပို့လိုက်သည်အချိန်က စ၍ ASSC ထံသို့လွှဲပြောင်းပေးလိုက်ပြီဟုမှတ်ယူရန်၊ ASSC ကအဖြေလွှာအကြောင်းအရာ တွင်ပါလာသည့်အချက်အလက်များကို စည်းမျဉ်းအမှတ်စဉ် (၈)တွင်သတ်မှတ်ထားသည့်မှတ်ပုံတင် ထားသည့်သတင်းအချက်အလက်၊ တဦးချင်းသတင်းအချက်အလက်ကိုကိုင်တွယ်ပြီး လိုက်လျောညီတွေ အသုံးပြုနိုင်ခွင့်ရှိစေရမည်။

စည်းမျဉ်း (၇) (အသိအမှတ်ပြုထားသည့်အချက်အလက်များကိုစီမံခန့်ခွဲခြင်းနှင့်မှတ်ပုံတင် ထားသည့်အချက်အလက်များကိုပြောင်းလဲခြင်း)

  • ၁။ Genba-Wise ကိုအသုံးပြုသူသည်မိမိကိုယ်မိမိတာဝန်ယူပြီးကုန်ကျစရိတ်များကိုတာဝန်ခံ ခြင်းဖြင့် မှတ်ပုံတင်ထားသောအချက်အလက်များအနက် ID နှင့်passwordနှင့်အခြားသော ASSCက အသုံးပြုသူထံမှ အဆက်အသွယ် ကိုအတည်ပြုရန်လိုအပ်သည့် သတင်းအချက် အလက်များ(နောင်တွင်အတည်ပြုရန်သတင်းအချက်အလက်ဟုခေါ်မည်) ကိုစိမံခန့်ခွဲရမည့်အပြင် အတည်ပြုထားသည့်အချက်အလက်များကိုတတိယအဖွဲ့ကိုသုံးခွင့်ပေးခြင်း၊တတိယအဖွဲ့ကို လွှဲပြောင်းပေးအပ်ခြင်း၊ဆက်ခံစေခြင်း၊ပေါင်နှံခြင်းအပြင်အခြားခြားသောစီမံဆောင်ရွက်မှုမျိုး ကိုပြုလုပ်ခြင်း(သို့မဟုတ်) အများပြည်သူသို့ထုတ်ဖော်ပြောကြားခြင်းမပြုရန်သတ်မှတ်သည်။
  • ၂။ Genba-Wise ၏အသုံးပြုသူက စီမံခန့်ခွဲရာတွင် ညံ့ဖျဉ်းမှုကြောင့် အတည်ပြုထားသည့် အချက်အလက်များပေါက်ကြားခြင်း၊ အသုံးပြုရာတွင်မှားယွင်းခြင်း၊တတိယအဖွဲ့ကိုအသုံးပြု ခြင်း၊မမှန်ကန်သော accessစသည်တို့ကြောင်းနစ်နာမှုအတွက်တာဝန်ရှိလာသည့်အခါ အသုံးပြုသူကတာဝန်ခံစေရမည်။ ASSC အပေါ်မကောင်းသောအကြံ (သို့မဟုတ်) ကြီးမားသည့် ပေါ့ဆမှု ရှိသည့်အခါမှလွဲ၍ မည်သည့်တာဝန်မှမရှိစေရ။ အကယ်၍ အတည်ပြုသတင်းအချက်အလက် သည်မမှန်မကန်အသုံးချခဲ့ခြင်းကြောင့် ASSC (၀ါ) တတိယအဖွဲ့သို့ ထိခိုက်နစ်နာမှုဖြစ်ပေါ် စေသည့်အခါ အသုံးပြုသူသည် သက်ဆိုင်ရာနစ်နာမှုအတွက်လျော်ကြေးပေးစေရမည်။
  • ၃။ Genba-Wise ကိုအသုံးပြုသူသည် မှတ်ပုံတင်ထားသောသတင်းအချက်အလက်များတွင် ပြောင်းလဲချက်များဖြစ်ပေါ်သည့်အခါတွင်၄င်း၊အတည်ပြုထားသည့်အချက်အလက်များကို တတိယအဖွဲ့က သိရှိလာရသည့်အခါတွင်၄င်း၊ တတိယအဖွဲ့ကိုအတည်ပြုထားသည့်အချက် အလက်များကိုအသုံးပြုခွင့်ပေးလိုက်သည်ဟုစွပ်စွဲချက်များရှိသည့်အခါတွင်၄င်း၊ဤအခြေခံစည်းကမ်း များနှင့် ASSC ကသတ်မှတ်ထားသည့်နည်းလမ်းဖြင့် ထိုအကြောင်းကိုASSC သို့အမြန်ဆုံး အကြောင်းကြားရမည့်အပြင်တတိယအဖွဲ့ကအတည်ပြုသတင်းအချက်အလက်များကိုအသုံးပြုခြင်းမှ ရှောင်ရှားနိုင်စေရန်အတွက်အစီအမံကိုတတ်နိုင်သမျှလုပ်ဆောင်ထားရမည့်အပြင်ASSCက ညွှန်ကြားချက်ရှိသည့်အခါထိုအတိုင်းလိုက်နာဆောင်ရွက်ရမည်။
  • ၄။ Genba-Wise ကိုအသုံးပြုသူသည်အထက်အပိုဒ်ပါဆက်သွယ်မှုစသည့်အစီအမံများကို မလုပ်ခဲ့ခြင်းကြောင်းအကျိုးပျက်စီးခြင်းစသည်တို့ဖြစ်ပေါ်လာသည့်အခါ ASSCက မကောင်း သောအကြံဖြင့်(သို့မဟုတ်)ကြီးမားသောပေါ့ဆမှုရှိသည့်အခါမျိုးမှလွဲ၍ ASSCသည် မည်သည့် တာဝန်မှမရှိစေရ။
  • ၅။ Genba-Wise ကိုအသုံးပြုသူသည်ဤစည်းကမ်းအပိုဒ်(၃)အတိုင်းမဆက်သွယ်လာခဲ့ပါက ASSC သည် သက်ဆိုင်ရာအသုံးပြုသူကို စာရင်းမှဖယ်ထုတ်လိုက်ပြီဟုမှတ်ယူနိုင်သည်။

စည်းမျဉ်း (၈) (မှတ်ပုံတင်သတင်းအချက်အလက်၊တဦးချင်းသတင်းအချက်အလက်)

  • ၁။ ASSC သည်မှတ်ပုံတင်သတင်းအချက်အလက်ကိုအောက်ပါရည်ရွယ်ချက်တခုခုဖြင့် အသုံးပြုရမည်။
    • (၁) AWV ကို စီမံခန့်ခွဲလည်ပတ်ခြင်း(ASSCထံမှ ကုမ္ပဏီအသင်းအဖွဲ့(သို့)အသုံးပြုသူကို အမျိုးမျိုးသောသတင်းအချက်အလက်များကို ပေးအပ်ခြင်းပါဝင်ပါမည်)။
    • (၂) ASSC သည် ကုမ္ပဏီအသင်းအဖွဲ့(သို့မဟုတ်)အသုံးပြုသူအတွက်အကျိုးအမြတ်ရှိသည်ဟုဆုံး ဖြတ်သည့်ASSC၏ဝန်ဆောင်မှု (AWV တခုတည်းသာမဟုတ်ပါ) ၊ ကြော်ငြာပိုင်ရှင်နှင့် ပါတနာ ကုမ္ပဏီ လုပ်ငန်း၏ကုန်ပစ္စည်းများ၊ဝန်ဆောင်မှုစသည်တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုပေးပို့ခြင်း
    • (၃) AWV၏ကုန်ပစ္စည်းအရည်အသွေးထိန်းချုပ်ရန်အတွက် ဝန်ထမ်းမေးခွန်းထုတ်ဆာဗေးလုပ်ခြင်းနှင့် သက်ဆိုင်သည့်ရလဒ်များကိုသရုပ်ခွဲခြင်း
    • (၄) အသုံးပြုသူများအတွက် AWVလုပ်ငန်းဆောင်ရွက်မှုများအပေါ်သိသာသည့်အကျိုးသက် ရောက်စေမည့်ကိစ္စ(AWV အကြောင်းအရာကိုကြီးမားစွာပြောင်းလဲခြင်း၊အချိန်အတိုင်းအတာ တခုရပ်တန့်သွားခြင်းတို့ပါဝင်သော်လည်း၄င်းတို့ထဲသာမဟုတ်ပါ)နှင့်ပတ်သက်သည့် ဆက်သွယ်ခြင်း
    • (၅) အသုံးပြုသူများအတွက် တဦးချင်းသတင်းအချက်အလက်များကိုကိုင်တွယ်ခြင်းနှင့်ဆိုင် သည့်သဘောတူညီချက်ကိုပေးရန်တောင်းဆိုနိုင်ရန်အတွက်ဆက်သွယ်ခြင်း
  • ၂။ အသုံးပြုသူသည် မှတ်ပုံတင်ထားသောသတင်းအချက်အလက်များနှင့်ပတ်သက်၍ အောက်ပါအချက်များရှိသည့်အခါ ASSCကကာယကံရှင်မဟုတ်သည့်တတိယအဖွဲ့ကို ထုတ်ဖော်ပြောကြားနိုင်ကြောင်းသဘောတူပါသည်။
    • (၁) AWV ၄င်းနှင့်ပတ်သက်သည့်ဝန်ဆောင်မှုကိုပိုကောင်းလာအောင်(သို့မဟုတ်)ပတ်သက်သည့် လုပ်ငန်းဖွံ့ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့်မှတ်ပုံတင်သတင်းအချက်အလက်များကိုစုစည်းခြင်း နှင့်ခွဲခြားစိတ်ဖြာခြင်းလုပ်သည့်အခါ
    • (၂) အထက်အပိုဒ်ပါစုစည်းခြင်းနှင့်သရုပ်ခွဲခြင်းဖြင့်ရရှိလာသည့်အရာကိုတဦးချင်းကိုခွဲခြား ခြင်း(သို့မဟုတ်)အသေအချာမသတ်မှတ်နိုင်သည့်အနေအထားဖြင့်တတိယအဖွဲ့ကို ထုတ်ဖော် ပြောကြာခြင်း(သို့မဟုတ်) ပေးအပ်ခြင်းလုပ်သည့်အခါ
    • (၃) မှတ်ပုံတင်ထားသည့်သတင်းအချက်အလက်ကိုထုတ်ဖော်ပြောကြားခြင်း ၊ အသုံးပြုခြင်း နှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များကိုအသုံးပြုသည့်ကာယကံရှင်က သဘောတူထားသည့်အခါ
    • (၄)ကုမ္ပဏီအသင်းအဖွဲ့(သို့မဟုတ်)အသုံးပြုသူကလိုလားသည့်ဝန်ဆောင်မှုပြုလုပ်ပေးရန်အတွက် မှတ်ပုံတင်ထားသည့်သတင်းအချက်အလက်ကိုထုတ်ဖော်ပြောကြားခြင်းနှင့်အသုံးချခြင်း ပြုရန်လိုအပ်သည်ဟုအတည်ပြုခံရသည့်အခါ
    • (၅) ကုမ္ပဏီအသင်းအဖွဲ့(သို့မဟုတ်)အသုံးပြုသူကလိုလားသည့်ဝန်ဆောင်မှုပြုလုပ်ပေးရန်ရည်ရွယ် ချက်ဖြင့်ပူးပေါင်းဆောင်ရွက်သည့်တတိယအဖွဲ့က မှတ်ပုံတင်ထားသည့်သတင်းအချက် အလက်ကိုလိုအပ်သည့်အခါ(ထို့အပြင် သက်ဆိုင်ရာပူးတွဲဆောင်ရွက်သည့်အဖွဲ့စသည့် တတိယအဖွဲ့သည် ASSCက တင်ပြသည့် မှတ်ပုံတင်ထားသည့်သတင်းအချက်အလက်ကို ဝန်ဆောင်မှုပေးရန်အတွက်လိုအပ်သည့်အတိုင်းအတာထက်ကျော်ပြီးအသုံးမချနိုင်စေရ)
    • (၆) ဥပဒေအမိန့်ကိုအခြေခံသည့်အခါ
    • (၇) ASSC ကုမ္ပဏီလုပ်ငန်းအဖွဲ့များ၊အသုံးပြုသူနှင့်ထိုမှတပါးတတိယအဖွဲ့၏အသက်၊ခန္ဓာ နှင့်စည်းစိမ်(သို့မဟုတ်)ASSCကပေးအပ်သည့်အားလုံးသောဝန်ဆောင်မှုများကိုထိန်းသိမ်းရန်အတွက် လိုအပ်သည့်အခါ
    • (၈) အများပြည်သူကျန်းမာရေးတိုးတက်စေရန် ကလေးများကိုကျန်းမာစွာပြုစုပျိုးထောင် နိုင်ရန်အတွက်အထူးလိုအပ်သည့်အခါ
    • (၉) နိုင်ငံတော်အဖွဲ့အစည်း(သို့မဟုတ်)ဒေသန္တရအာဏာပိုင်အဖွဲ့အစည်း(သို့မဟုတ်) ၄င်းတို့ကတာဝန်ပေး ထားသည့်သူက ဥပဒေအမိန့်များတွင်သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များကိုအကောင် အထည်ဖော်ရန်အတွက်ပူးပေါင်းဆောင်ရွက်ရန်လိုသည့်အခါ၊ထိုသူများက တရားဥပဒေနှင့် အညီထုတ်ဖော်ပြောကြားရန်တောင်းဆိုလာသည့်အခါ
  • ၃။ ASSC သည် တဦးချင်းသတင်းအချက်အလက်များနှင့်ပတ်သက်၍ ASSC၏ privacy policy အတိုင်းလိုက်နာ၍ကိုင်တွယ်ဆောင်ရွက်ရမည်။
  • ၄။ အသုံးပြုသူသည် မှတ်ပုံတင်ထားသောသတင်းအချက်အလက်များနှင့်ပတ်သက်၍ ထုတ် ဖော်ပြောကြားခြင်း၊ဖျက်ခြင်း၊ပြင်ဆင်ခြင်း(သို့မဟုတ်)အသုံးပြုသည်ကိုရပ်ဆိုင်းခြင်းတို့အတွက် တောင်းဆိုနိုင်သည်။ အသုံးပြုသူကာယကံရှင်ကိုယ်တိုင်က တောင်းဆိုလာသည်ကို စစ်ဆေးအတည်ပြုနိုင်သည့်အခါမှသာ ASSCသည် မြန်ဆန်စွာ ထိုတောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက် ရမည်။

စည်းမျဉ်း (၉) (အသုံးပြုခြင်းကိုရပ်တန့်စေခြင်းစသည်)

  • ၁။ ASSC သည် အသုံးပြုသူက အောက်ဖော်ပြအချက်တခုခုသောအကြောင်းရင်းနှင့်ကိုက်ညီသည့်အခါ (သို့မဟုတ်)ထိုသို့စိုးရိမ်ရသည့်ဟု ASSCကဆုံးဖြတ်လိုက်သည့်အခါ ASSC သည် ကုမ္ပဏီအဖွဲ့ အစည်း များ နှင့်အသုံးပြုသူတို့ကိုကြိုတင် သတိပေးခြင်း ၊ ကုမ္ပဏီအဖွဲ့ အစည်း များ နှင့်အသုံးပြုသူတို့၏သဘောတူညီချက်ကိုမယူဘဲ ASSC၏ ဆင်ခြင်ဆုံးဖြတ်ခြင်းဖြင့် သက်ဆိုင်သည့်အသုံးပြုသူကိုအသိပေးခြင်းထက်ချက်ချင်းပင် ၄င်းအသုံးပြုသူကို AWV ကိုအသုံးပြုခြင်းအားလုံး(သို့မဟုတ်)တစိတ်တပိုင်းကိုရပ်တန့်စေခြင်း၊ ထိုမှ တပါး ASSC က သင့်တော်သည်ဟုဆုံးဖြတ်သည့်အစီအမံအတိုင်းဆောင်ရွက်နိုင်ခွင့်ရှိစေရ မည်။ ထို့အပြင်မှတ်တမ်းတင်ထားသည့်အီးမေးလ်လိပ်စာသည် function မလုပ်ပါက ထိုသို့ စီမံမှုကိုလုပ်ခြင်းဖြင့် သက်ဆိုင်သည့်သူကို အသိပေးပြီးဖြစ်သည်ဟုမှတ်ယူရမည်။
    • (၁) ဤအသုံးပြုသည့်စည်းမျဉ်းများကိုဖောက်ဖျက်သည့်အခါ
    • (၂) မှတ်ပုံတင်ထားသည့်အချက်အလက်များတွင်အတုလုပ်ထားခြင်း၊အမှားလုပ်ထားခြင်းများ ရှိသည့်အခါ
    • (၃) မှတ်ပုံတင်ထားသည့်အီးမေးလ်လိပ်စာသည် ဖန်ရှင်မလုပ်ဟုဆုံးဖြတ်လိုက်သည့်အခါ
    • (၄) တတိယအဖွဲ့တဦးအဖြစ်ဟန်ဆောင်ပြီး Genba-Wiseအသုံးပြုသူအဖြစ်မှတ်ပုံတင်ခဲ့သည့် အခါ
    • (၅) အသုံးပြုသူသည် ကုမ္ပဏီအသင်းအဖွဲ့များ၏တာဝန်ထမ်းဆောင်ရန်အပ်နှံထားသည့် နေရာမှအလုပ်ထွက်ခဲ့သည့်အခါ
    • (၆) အသုံးပြုသူသေဆုံးသွားသည့်အခါ
    • (၇) ထို့အပြင် ASSC ကအသုံးပြုသူအဖြစ်မသင့်တော်ဟုဆုံးဖြတ်လိုက်သည့်အခါ
  • ၂။ အထက်ပါအပိုဒ်အရ ASSC ကတစုံတခုသောဆုံးရှုံးမှုဖြစ်သည့်အခါ ကုမ္ပဏီအသင်း အဖွဲ့ သည် ASSC ကိုသက်ဆိုင်သည့်ဆုံးရှုံးမှုကိုလျှော်ကြေးပေးစေရမည်။
  • ၃။ ASSC သည်အသုံးပြုသူကို အပိုဒ်(၁)တွင်သတ်မှတ်ထားသည့်လုပ်ဆောင်မှုအစီအစဉ် အကြောင်းအရာကို ဖော်ပြရန်တာဝန်မရှိဟုသတ်မှတ်သည်။

စည်းမျဉ်း (၁၀) (အသိဉာဏ်ပညာဆိုင်ရာပိုင်ဆိုင်ခွင့်များစသည်ဖြင့်

  • ၁။ Genba-Wise အပါအဝင် AWV ကိုဖွဲ့စည်းထားသည့်စာများ ၊ ရုပ်ပုံများ ၊ ဗီဒီယိုများ ၊ ပရိုဂရမ် နှင့်အခြားသောအချက်အလက်များအပေါ်ပေါ်ပေါက်လာသည့်တီထွင်ဖန်တီးသူမူပိုင်ခွင့်( မူပိုခွင့်ဥပဒေပုဒ်မ(၂၇) သို့မဟုတ် ပုဒ်မ(၂၈)တွင်သတ်မှတ်ထားသည့်ရပိုင်ခွင့်များပါပါဝင်သည်)၊ ထို့အပြင်အသိဉာဏ်ပညာဆိုင်ရာပိုင်ဆိုင်ခွင့်၊Portrait right ၊ နှင့်Publicity rights၊ထို့အပြင် Personality, ownership ၊ နှင့်အခြားသော Property right များမှာ ASSCနှင့်သာသက်ဆိုင်စေ ရမည်။
  • ၂။ ASSC သည် အသုံးပြုသူက AWV တွင် စာတင်ခြင်းနှင့် UPLOAD လုပ်ခြင်း(သို့မဟုတ်) ထိန်းသိမ်း ထားရှိသည့် သတင်း အချက်အလက်များအားလုံး(စာဖြင့်အချက်အလက်၊ ပုံတူ အချက်အလက်စသည် တို့အပါအဝင်နှင့်အခြားအရာများ)နှင့်ပတ်သက်၍ ၄င်းတို့ကို ထိန်းသိမ်းခြင်းနှင့်စုဆောင်းခြင်း ပြုလုပ်ပြီး AWV ၏စီမံလည်ပတ်မှုများချောမွေ့စေရန်၊ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ ASSCနှင့်AWVတို့၏Notification စသည်(တတိယအဖွဲ့၏မီဒီယာသို့PUBLISHတင်ပြခြင်း အားဖြင့် မိတ်ဆက်ပေးသည့်အလုပ်၊ အကြောင်းအရာCONTENT များလည်းပါဝင်သည်) တို့ကို ရည်ရွယ်ပြီး ဘာသာပြန်ခြင်း၊အားလုံးသောနည်းလမ်းအမျိုးမျိုးဖြင့်အသုံးချနိုင်ပြီး အသုံးပြုသူသည် ထိုအကြောင်းကိုသဘောတူသည်ဟုမှတ်ယူရမည်။
  • ၃။ အသုံးပြုသူသည် ASSCနှင့်ASSCထံမှမူပိုင်ခွင့်ကိုဆက်ခံခြင်း(သို့မဟုတ်)လိုင်စင်ပေးထားသောသူကို author’s personal rights စာရေးသူ၏တဦးချင်းအခွင့်အရေးကိုမကျင့်သုံးရန် သဘောတူ ထားသည်ဟုမှတ်ယူရမည်။
  • ၄။ အသုံးပြုသူသည် မိမိ၏ copyrighted work နှင့်ပတ်သက်၍ တတိယအဖွဲ့၏မူပိုင်ခွင့်ကို ထိပါးခြင်းစသည့်ပြဿနာပေါ်ပေါက်လာပါက မိမိကိုယ်တိုင်ကုန်ကျစရိတ်ကျခံပြီး ဖြစ်လာသော ပြဿနာကိုဖြေရှင်းရမည့်အပြင် ASSCကိုမည်သို့ မှ ဒုက္ခမပေးဘဲဆောင်ရွက်ရမည်

စည်းမျဉ်း (၁၁) (တားမြစ်ထားသည့်ကိစ္စများ)

  • ၁။ အသုံးပြုသူသည် အောက်ပါတားမြစ်ထားသည့်ကိစ္စများကိုမလုပ်ဆောင်ရ။
    • (၁) လိမ်ညာသတင်းပို့ခြင်း
    • (၂) AWV ၏စီမံဆောင်ရွက်မှုကိုအနှောင့်အယှက်ဖြစ်သည့်အပြုအမူ
    • (၃) အခြားသောအသုံးပြုသူများနှင့်အသုံးပြုသူ၊ ASSCနှင့်အခြားတတိယအဖွဲ့ကိုထိခိုက်စေ ခြင်း၊ ဂုဏ်သိက္ခာထိခိုက်စေခြင်း၊အခွင့်အရေးကိုထိပါးခြင်း
    • ၂။ အသုံးပြုသူသည် အထက်အပိုဒ်တွင်သတ်မှတ်ထားသည့်တချက်ချက်ကိုကျူးလွန်ပါက ASSC သည်၄င်းအသုံးပြုသူကို ထိုလုပ်ရပ်ကြောင့် ASSCတွင်ခံစားရသည့်ထိခိုက်နစ်နာမှု များ(ယေဘူယျကျသည့်ရှေ့နေစရိတ်အပါအဝင်)ကိုလျော်ကြေးပေးရန်တောင်းဆိုနိုင်သည်။

စည်းမျဉ်း (၁၂) (AWV ၏ရပ်တန့်ခြင်း၊ရပ်ဆိုင်းခြင်း၊ပြီးဆုံးခြင်း)

  • ၁။ ASSC သည်အောက်ပါ အချက်အကြောင်းရင်းတခုခုရှိသည့်အခါ AWV၏တခုလုံး(သို့မဟုတ်) တစိတ်တပိုင်းကိုရပ်တန့်နိုင်သည်။
    • (၁) ASSC က သတ်မှတ်အချိန်ကာလတခုအတွင်း(သို့မဟုတ်)အရေးပေါ်အနေဖြင့် AWV ကတင်ပြ ရန်အတွက် ကွန်ပျူတာစနစ်ကိုထိန်းသိမ်းခြင်း၊စစ်ဆေးခြင်းကိုဆောင်ရွက်သည့်အခါ
    • (၂) မီးလောင်ခြင်း၊မီးပျက်ခြင်း၊သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းစသည့်ပုံမှန်မဟုတ် သည့်အခြေအနေကြောင့် AWV ကစီမံလည်ပတ်ရန်မဖြစ်နိုင်သည့်အခါ
    • (၃) စစ်ဖြစ်ခြင်း၊ပြည်တွင်းမငြိမ်မသက်ဖြစ်ခြင်း၊အကြမ်းဖက်ခြင်း၊အဓိကရုဏ်းဖြစ်ခြင်း၊ အလုပ်သမားပဋိပက္ခလဖြစ်ခြင်းစသည် တို့ကြောင့် ကလည်ပတ်စီမံရန်မဖြစ်နိုင်သည့်အခါ
    • (၄) ဝန်ဆောင်ပေးရန် ကွန်ပျူတာစနစ်မကောင်းခြင်းနှင့်တတိယအဖွဲ့ထံမှ မမှန်မကန် ACCESSလုပ်မှု၊ကွန်ပျူတာဗိုင်းရပ်ကူးစက်မှုတို့ကြောင့် AWV ကို လုပ်ဆောင်မပေးနိုင်ခြင်း
    • (၅) ဥပဒေ၊ဥပဒေအမိန့်စသည်တို့ကိုအခြေခံ၍စီမံဆောင်ရွက်ခြင်းကြောင့် AWVနှင့်အသုံး ပြုသူကိုဝန်ဆောင်မှုပေးရန်မဖြစ်နိုင်ခြင်း
    • (၆) ASSC ကအသုံးပြုသူက ကြိုတင်၍ အီးမေးလ်နှင့်အခြားနည်းလမ်းများဖြင့် ယေဘူယျ ကျသည့်အတိုင်းအတာအတွင်းအသိပေးထားသည့်အခါ
    • (၇) ASSC ကတားဆီးရန်မဖြစ်နိုင်တော့ဟုဆုံးဖြတ်သည့်ကိစ္စများပေါ်ပေါက်လာသည့်အခါ
  • ၂။ ASSC သည်အထက်အပိုင်းအတိုင်း AWVကိုစီမံခန့်ခွဲလုပ်ဆောင်ခြင်းကိုရပ်တန့်လိုက် သည့်အခါ ယေဘူယျကျသည့်အတိုင်းအတာအတွင်းကြိုတင်၍ အီးမေးလ်နှင့်အခြားသော နည်းလမ်းတို့ဖြင့် ကုမ္ပဏီအသင်းအဖွဲ့နှင့်အသုံးပြုသူကို ထိုအကြောင်းကိုအသိပေးရမည်။ သို့သော်အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ထိုသို့သတ်မှတ်ချက်နှင့် မဆိုင်စေရ။

စည်းမျဉ်း (၁၃) (တာဝန်မှကင်းလွတ်စေခြင်း)

  1. ၁။ ASSC သည် AWVအတွင်းတွင်ပါဝင်နေသည့်အမျိုးမျိုးသောသတင်းအချက်အလက်များ နှင့်ပတ်သက်ပါ၍ ဥပဒေနှင့်ညီခြင်း၊တိကျမှုရှိခြင်း၊သင့်တော်မှုရှိခြင်း၊သက်တမ်းရှိခြင်း၊ ကျင့်ဝတ်နှင့်ကိုက်ညီခြင်း၊ မူပိုင်ခွင့်ရှိခြင်း ရှိမရှိကိုအာမ မခံပါ။
  2. ၂။ASSC သည် AWVတွင် အသုံးပြုသူအချင်းချင်း၊ အသုံးပြုသူနှင့်တတိယအဖွဲ့တို့အကြား ဖြစ်ပေါ်လာနိုင်သည့်ပြဿနာအမျိုးမျိုး (ဥပဒေဖောက်ဖျက်ခြင်း၊တရားဥပဒေစိုးမိုးတည်ငြိမ် ရေးနှင့်လူ့ကျင့်ဝတ်ကိုဖောက်ဖျက်သည့်လုပ်ရပ်ကိုအဆိုပြုခြင်း၊အသရေဖျက်ခြင်း၊စော်ကား ခြင်း၊ တပါးသူအတွင်းရေးကိုစွက်ဖက်ခြင်း၊ခြိမ််းခြောက်ခြင်း၊အနိုင်ကျင့်ခြင်း၊အပုတ်ချခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေခြင်း)စသည်တို့နှင့်ပတ်သက်၍ ASSC ကမကောင်းသောစိတ် ဖြင့်၄င်း၊ကြီးမားသောပေါ့ဆမှုဖြင့် ၄င်းဖြစ်သည့်အခါမှလွဲ၍ လုံးဝတာဝန်မယူပါ။
  3. ၃။ ASSC သည် AWV၏ ရပ်တန့်ခြင်း၊ရပ်ဆိုင်းခြင်း၊ပြီးဆုံးခြင်းနှင့်ဤစည်းမျဉ်းအပိုဒ်(၃)အရ AWV၏ပြောင်းလဲမှုကြောင့်အသုံးပြုသူတွင်ဖြစ်ပေါ်လာနိုင်သည့်ဆုံးရှုံးထိခိုက်မှုအမျိုးမျိုး(သတင်းအချက်အလက်ပျက်ဆီး၊ပျောက်ဆုံးခြင်းကိုဖြစ်စေသည့်ထိခိုက်မှုအပါအဝင် ၊ထို့အပြင်အခြားအခြားသောကိစ္စများပါ) ASSC ကမကောင်းသောစိတ် ဖြင့်၄င်း၊ကြီးမားသော ပေ့ါဆမှုဖြင့်၄င်းဖြစ်သည့်အခါမှလွဲ၍ လုံးဝတာဝန်မယူပါ။
  4. ၄။ ASSC သည်အသုံးပြုသူကအသုံးပြုနေသည် pc, SMART PHONE TERMINAL, MOBILE TERMINAL, CIRCUIT, SOFTWAREစသည့် ပတ်ဝန်းကျင်များနှင့်ကွန်ပျူတာဗိုင်းရပ်ကူးစပ် ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အမျိုးမျိုးသောဆုံးရှုံးမှုများနှင့်ပတ်သက်၍ လုံးဝ တာဝန်မယူပါ။ထို့အပြင် ASSC သည်သီးခြားသတ်မှတ်ထားသောနည်းလမ်းဖြင့် အသုံးပြုသူ ကို သက်ဆိုင်ရာပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပေးထားနိုင်သည်။
  5. ၅။ ASSC သည်အထက်ဖော်ပြပါကိစ္စများအပြင် AWV ကိုအသုံးပြုရာတွင်အကြောင်းရင်းဖြစ် စေကာ အသုံးပြုသူတွင်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ ASSC က မကောင်းသောစိတ် ဖြင့်၄င်း၊ကြီးမားသော ပေါ့ဆမှုဖြင့်၄င်းဖြစ်သည့်အခါမှလွဲ၍ လုံးဝတာဝန်မယူပါ။
  6. ၆။ ဤအသုံးပြုခြင်းစည်းမျဉ်းများနှင့် AWV ကအကြောင်းရင်းဖြစ်စေသည် ASSC ၏ ပျက်စီးမှု စုစုပေါင်းတန်ဖိုးသည် အသုံးပြုသူက လွန်ခဲ့သော ၁၂ လအတွင်း ASSCကိုပေးခဲ့သော ငွေပမာဏများအနက်အများဆုံးငွေပမာဏထက်မများစေရ။

စည်းမျဉ်း (၁၄) (ပူးပေါင်းဆောင်ရွက်ခြင်း၊ စီရင်ပိုင်ခွင့်ရှိသောတရားရုံးသတ်မှတ်ခြင်း)

  1. ၁။ AWV နှင့်ပတ်သက်၍ကုမ္ပဏီအဖွဲ့အစည်း၊အသုံးပြုသူ၊ ASSC၊တတိယအဖွဲ့တို့အကြား တွင်သံသယကြောင့်၊ ပြဿနာပေါ်ပေါက်လာသည့်အခါ သဘောရိုးဖြင့်ညှိနှိုင်းဖြေရှင်းကြရမည်။
  2. ၂။ ဤအသုံးပြုခြင်းစည်းမျဉ်းနှင့်ပတ်သက်၍ အားလုံးသောတရားစွဲမှုများနှင့်အခြားသော ပဋိပက္ခများနှင့်ပတ်သက်၍ ပထမဆုံးစွဲဆိုရမည့်တရားရုံးမှာ တိုကျိုမြို့အကျဉ်းနည်းဖြင့်စီရင် သည့်တရားရုံးနှင့်တိုကျိုခရိုင်တရားရုံးဖြစ်သည်။

Đစည်းမျဉ်း (၁၅) (သက်ဆိုင်သည့်ဥပဒေ)

ဤအသုံးချခြင်းစည်းမျဉ်းများမှာဂျပန်နိုင်ငံတရားဥပဒေကလွှမ်းမိုးပြီး ဂျပန်နိုင်ငံတည်ဆဲဥပဒေ အရအနက်ဖွင့်ဆိုရမည်။